Knowledge

ကိုဗစ်ဖြစ်ချိန် နွားနို့သောက်လို့ ချွဲထပြီး အောက်ဆီဂျင် ထိုးကျတဲ့အပေါ် ဒေါက်တာတင့်ဆွေ ဖြေကြားချက်..

“နွားနို့နဲ့ ကိုဗစ်ပြဿနာ ဆရာဒေါက်တာတင့်ဆွေ ဖြေကြားချက်”

ပြည်သူတစ်ဦး အမေး-ဆရာရှင့် အောက်ကရေးထားတဲ့စာက မှန်လားသိချင်လို့ပါရှင့်

“Facebook မှာ သူများတင်ထားတာ တွေ့လို့ပါရှင့် ကိုဗစ်ဖြစ်လို့ အောက်ဆီဂျင်ကျနေတဲ့အခါမှာ အားရှိအောင်ဆိုပြီး နွားနို့တိုက် Ensure တိုက် ပတ်နို့တိုက်နေကြတာ တွေ့လို့ပါ။ အဆုတ်လုပ်ဆောင်ချက်တွေ မကောင်းတဲ့အခါမှာ အားရှိအောင် များများစားပါ..

သောက်ပါ ပြောနေတာက အဆုတ်သန့်အောင် အဆုတ်ပြန်ပြီး အားရှိအောင် စားဖို့ သောက်ဖို့ ပြောတာပါ။ နို့ဆိုတာ ချွဲထစေတဲ့အရာတွေပါ။ အောက်ဆီဂျင်တအားကျနေတဲ့အချိန်မှာ အပူအစပ် ချွဲထစေတဲ့အစားအစာတွေဟာ လူနာကို မိနစ်ပိုင်းအတွင်း အသ က်ရှူ ရပ်ပြီး ‌ေ သ စေတာပါ။ တချို့က အောက်ဆီဂျင်ကျနေမှန်း သိသိနဲ့ မနက်စာကို မိုင်လို အိုဗာတင်း ကော်ဖီမစ် တီးမစ်တွေနဲ့ အငန်မုန့်၊ ကိတ်မုန့်တွေနဲ့/

အားရှိအောင် စားပြီး မိနစ်ပိုင်းအတွင်း အောက်ဆီဂျင်ထိုးကျ ‌ေ သ ပါတယ်။ တချို့ကျ ကော်ဖီမှုန့်စစ်စစ်နဲ့ နွားနို့သောက်ပြီး ရင်ဘတ်တွေ ဆူးပြီး အောင့်လာ ကျပ်လာပြီး မိနစ်ပိုင်းအတွင်း အသက်ရှူရပ် ‌ေ သ ပါတယ်။ ကိုဗစ်ဖြစ်ရင် စားရမည့်အားရှိစာတွေဆိုတာ အချွဲ့မထ အဆုတ်သန့်စေတဲ့ ကြက်ပြုတ်ရည်ပါ။ ကြက်ဥပါ။ ချွဲထစေတဲ့ အစာတွေ စားပြီး ‌ေ သ နေတာတွေ မြင်ရတာ အတော်စိတ်မကောင်းဘူး..

ကိုဗစ်နဲ့ မတည့်စာတွေကို ရှောင်နိုင်လေ အသက်ရှင်ဖို့ များလေဆိုတာ သဘောပေါက်ကြဖို့ လိုမယ်။ အခု အောက်ဆီဂျင်တပ်ရတဲ့သူတွေဟာ ရောဂါအခံရှိထားသူတွေအပြင် အများစုက အစားအသောက်နည်းမှားတွေနဲ့ စားသောက်ကြပြီး နေ့ချင်းညချင်းဆိုသလို ရောဂါဆိုးလာပြီး အောက်ဆီဂျင်ကျတဲ့သူတွေ များလာတာပါ၊ ပြန်ဖြေကြားပေးပါအုံး ကျေးဇူးတင်ပါတယ်ရှင့်”

-ဆရာဒေါက်တာတင့်ဆွေအဖြေ

– မမှန်။ မှား၊ လွဲ။

– ဖေ့စ်ဘွတ်နည်း ၈၀% မှားတယ်။ မနေ့ညအထိ အဲလိုပြောခဲ့တယ်။ ကနေ့တော့ ၉၀% အထိ မမှန်ဘူးပြောရမလိုဖြစ်လာတယ်။
– အဆုတ်သန့်နည်းနဲ့ အစားအသောက် မရှိ။

– နွားနို့ဆိုတာ လက်တို့စ်ဓါတ် ခံနိုင်ရည်မရှိသူတွေကလွဲရင် မွေးစကလေးကနေ အသက် တရာအထိ ယောက်ျား မိန်းမ အကုန်သင့်။ သန့်ရှင်းတဲ့နွားနို့ကနေ ရောဂါမရစေနိုင်။ နွားနို့ကနေလုပ်ထားတဲ့ အင်းရှူးဝါးအပါအဝင် စားစရာတွေအကုန် အတူတူဖြစ်။

– မုန့်တွေကြောင့် အောက်စီဂျင် မကျစေနိုင်။ မတက်စေနိုင်။ မိုင်လို အိုဗာတင်း ကော်ဖီမစ် တီးမစ်တွေနဲ့ အငန်မုန့်၊ ကိတ်မုန့်တွေဆိုတဲ့အစားအစာတွေက ကိုဗစ်ဖြစ်မှသာ စားရတာမဟုတ်။ လူတိုင်း ကျားမ မရွေး အရွယ်မရွေး နေ့တိုင်း စားနိုင်။

– ကိုဗစ်ပိုးက အသက်ရှူလမ်းကို ဒုက္ခပေးတယ်။ နူမိုးနီးယားလိုဖြစ်စေတယ်။ အစားအသောက်တွေ စားလို့ မစားလို့ အဲလိုဖြစ်တာ မဟုတ်။ ကိုဗစ်ပိုးကြောင့်သာဖြစ်တာ။ ကိုဗစ်ကိုသာ ကာကွယ်နည်း အမှန်နဲ့ ကာကွယ်ရမယ်။ ကူးစက်ခံရရင်လည်း ဆရာဝန်တွေညွှန်သလိုသာ ကုသရမယ်။

– နှာခေါင်းစည်း ပြောသူ နည်း။ လက်ဆေးဘို့ပြောသူ မရှိ။ အပြင်မထွက်နဲ့ပြောသူ မရှိ။

– အောက်စီဂျင်ကိုသာ အာရုံစိုက်နေကြတာလည်း နည်းလမ်းမကျ။ ကိုဗစ်ကာကွယ်ရေးထက် အရေးကြီးတာ မရှိ။

– အပြင်မထွက်ပါနဲ့။ အပြင်ထွက်ရတိုင်း နှာခေါင်းစည်းသုံးပါ။ ခဏခဏလက်ဆေးပါ။

– ကိုဗစ်လက္ခဏာတွေ သိပါ။ သံသယရှိရင် ကို်ဗစ် စစ်ပါ။ စစ်ရတာခက်ခဲရင် နေအိမ်မှာ တဦးတည်း နေပြီး အပိုမပါ အလိုမရှိ လိုက်နာပါ။

– အောက်စီဂျင်တိုင်းနေပြီး ကျတာနဲ့ ဆေးရုံတက်ပါ။

– အစားအသောက် ဘယ်တမျိုးကမှ ရောဂါကို မကာကွယ်နိုင်။ ဘယ်တမျိုးကမှ မကုသနိုင်။ ဗီတာမင်စီ တမျိုးသာ အထောက်အကူပြုနိုင်။

– ဗိုင်းရပ်စ်သေဆေး ကမ္ဘာမှာမရှိပါ။

– စိတ်ချရတဲ့ကာကွယ်ဆေး ထိုးပါ။

မဟုတ်တာ မမှန်တာ လွဲတာ လိမ်တာ ညာတာတွေကို မဖတ်ပါနဲ့၊ မတင်ပါနဲ့၊ မရှယ်ပါနဲ့။ အညာမခံပါနဲ့။ သူများကို မလိမ်ပါနဲ့။ စေတနာရှိသူတွေက မှန်တာကိုသာ ကူညီသင့်တယ်။

လာဦးမယ် နောက်အမျိုးတရာ ဒေါက်တာတင့်ဆွေ

error: Content is protected !!