ရုရှားရောက်နေတဲ့ ဗိုလ်ချုပ်မှူးကြီးအား ကို ဂျပန်.. သတင်းထောက်မှ အင်္ဂလိပ်လို အင်တာဗျုးချိန်/
ဗိုလ်ချုပ်မှူး ကြီးမှ ဟီးဟီး ဟီးဟီးနဲ့ တဖက်လှည့်သွားမူကို.. ဂျပန်မီဒီယာများမှ အမိအရထုတ်လွှင့်ပြသခဲ့
ဂျပန်မီဒီယာမှ သတင်း/ ကြေညာခဲ့ရာမှာ ကိုယ့်ပြည်သူ.. ပြည်သားတွေကို သ တ်ဖြ တ်မူကြောင့် နိုင်ငံတကာရဲ့ အပြင်းအထန် ဝေဖန်မူတွေကို
ခံနေရတဲ့ စကစ ရဲ့ ထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး က မော်စကို ကို..
ရောက်ရှိနေပုံကို ဂျပန်မီဒီယာ ANNမှအမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ် ၂၂ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့တော်ရှိ ဟိုတယ် သို့ ရောက်ရှိလာတဲ့ ဗိုလ်ချုပ်မှူးကြီး
က ရုရှားကာကွယ်ရေး ဝန်ကြီးဌာနလက်ထောက် အတွင်းရေးမှူး က ကျင်းပပေးတဲ့ ပါတီကို မိနစ်၂၀ တက်ရောက်ခဲ့ပါတယ်/
အဲ့ဒီအချိန်မှာ ဂျပန်သတင်းထောက်မှ ဗိုလ်ချုပ်မှူးကြီး ကို – ဂျပန်ကမီဒီယာဖြစ်ပါတယ်
ဘာဖြစ်လို့ ရုရှားကို လာရတာလဲလို့ အင်္ဂလိပ်လိုမေးခဲ့ရာမှာ(ဂျပန်ဘက်က သတင်းမှာတော့.. ဂျပန်စာထိုး ပေးထားတာပါ) ဗိုလ်ချုပ်မှူး ကြီးက သူ့ကိုလှမ်းမေးလို့ လှည့်ကြည့် လိုက်ပြီးမှ
ဂျပန် သတင်းထောက်က အင်္ဂလိပ်လို မေးလိုက်တဲ့အခါ အိုးတို့ အန်းတန်း ဖြစ်သွားပြီး
ဟီးဟီးဟီးဟီး နဲ့တဖက်လှည့်ပြီး ရှောင်ထွက် သွားရှာပါတယ်/ ဂျပန်သတင်းထောက်ကလည်း ဗိုလ်ချုပ်မှူးကြီး ရှက်သွားတာသိတော့
ဘေးမှာစကားပြန်ပါမလာတာလည်းသတိထားမိတေ လိုက်မေးမနေပဲ လွှတ်ပေးထားလိုက်တာကို တွေ့ရှိရပါတယ်..
ဗိုလ်ချုပ်မှူးကြီး မှ ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoygu နှင့်လည်းတွေ့ဆုံခဲ့ပြီး၊
“ရုရှား၏ပံ့ပိုးမှုကြောင့် ကျွန်တော့်ရဲ့ စစ်တပ်သည်အင်အားအကောင်းဆုံးဖြစ်လာခဲ့သည်” ဟုပြောကြားခဲ့ပါတယ်/
နိုင်ငံတကာမှာ မြန်မာကိုအထီးကျန်အောင်လုပ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မှ မော်စကို
ကိုရောက်ရှိချိန် ရုရှားဆီကနေ လက်နက် နဲ့ အထောက်အပံ့များပိုမိုရရှိလိုမူကြောင့်
ဖြစ်နိုင်ကြောင်း ဂျပန်မီဒီယာ ANNမှ ထုတ်လွှင့်သွားခဲ့ပါတယ်/ ဂျပန်သတင်းကို သင့်တော်သလိုပြန်ဆိုသည်..