News

ဖုန်းထဲကနေ ခေါက်ဆွဲပြုတ် ပွဲ၁၀၀ မှာလိုက်တဲ့ ၃ နှစ် ကလေး

မြို့နေ လူနေမှု စနစ်အရ အတော်များများဟာ အစားအသောက်နဲ့ ပစ္စည်းအချို့ကို.. ဖုန်းထဲကနေ မှာယူကြတဲ့ စနစ်ကို တွင်ကျယ်စွာ အသုံးပြုလာခဲ့ကြပါပြီ/ အထူးသဖြင့်

တိုးတတ်ပြီးနိုင်ငံတွေမှာ အိမ်အရောက်၀န်ဆောင် မှုစနစ်နဲ့ အစားအသောက်/ တွေကို နေ့တိုင်းလို လိုမှာယူစားသောက်လေ့ ရှိကြပါတယ်..

တရုတ်နိုင်ငံ ဂျီလင်ပြည်နယ်က က ၃ နှစ်အရွယ် ကလေးမလေးဟာ သူ့အဖေဖုန်းကိုယူပြီး သူစားချင်နေတဲ့ ခေါက်ဆွဲပြုတ် ၁ ပွဲမှာလိုက်ရာက အနှိပ်မှားပြီး ခေါက်ဆွဲပြုတ်ပွဲ ၁၀၀ မှာမိသွားခဲ့တာပါ။ အစားအသောက်ပို့တဲ့ ရိုက်ဒါက အိမ်ကို ၈ ခေါက်ခန့် လာပို့အပြီးမှာမှ မိဘတွေက ရိပ်မိသွားခဲ့တာဖြစ်တယ်လို့သတင်းတွေမှာဖော်ပြ ထားပါတယ်..

အဲဒီချစ်စရာအပြုအမူကို မိဘတွေက အွန်လိုင်းပေါ် တင်လိုက်ရာက သတင်းတွေမှာ ပါလာခဲ့တာပါ အစကတော့ ကျွန်မသမီးလေးခေါက်ဆွဲပြုတ် ၁ ပွဲမှာလိုက်ရာက မဲပေါက်တာ လားပေါ့ အများကြီးလာ ပို့တာကိုး..

နောက်မှ အဖြစ်မှန် သိခဲ့ရတာ ခေါက်ဆွဲပြုတ်ပွဲ ၁၀၀ အတွက် ယွမ် ၁၃၅၀ (ဘတ် ၆၅၀၀ ခန့်) ရှင်းလိုက်ရတယ်.. လို့အမေဖြစ်သူက ပြော ပါတယ်

အဲဒီနောက်မှာတော့ မိသားစုတွင်းစားသုံးဖို့ ၈ ပွဲခန့် ယူထားခဲ့ပြီး/ ကျန်တဲ့ ခေါက်ဆွဲပြုတ်.. ဗူးတွေ ကို အနီးနားက သက်ကြီးရွယ်အိုတွေ၊ အလုပ်သမားတွေကို ပေးဝေ ပေးခဲ့တယ်လို့ သိရပါတယ်..

အွန်လိုင်း အသုံးပြုသူတွေ ကတော့ ဒီအပြုအမူဟာ ကလေးတစ်ယောက်.. လုပ်ရပ်ကြောင့် ချစ်စရာ ကောင်းတယ် ဆိုပေမယ့် ကလေးတွေကို ငယ်ရွယ်စဉ် အချိန်ကတည်းက ငွေကြေးနဲ့ ပတ်သက်တဲ့ အက်ပလီကေးရှင်း တွေကို ပေးမကစားသင့် ဘူးလို့ အကြံပြုရေးသား ထားကြပါတယ်

ဝင်းထက် – MML

error: Content is protected !!