ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ အသက် ၇၆ နှစ်ပြည့် အထိမ်းအမှတ် ပန်းချီကား တကားကို လေလံတင်ခဲ့ရာမှာ ကျပ် ၈၃ သိန်းနဲ့ အမြင့်ဆုံးပေး ဝယ်ယူခဲ့သူ ပေါ်ထွက်လာခဲ့ ပါတယ်။
“Our State ငါတို့ရဲ့နိုင်ငံတော်”လို့ အမည်ပေး ထားတဲ့ ၁၀”x၁၂” အရွယ် ဒီ Acrylic ပန်းချီကား ကတော့ ပန်းချီဆရာနန္ဒက ရေးဆွဲထား တာဖြစ်ပြီး ကြမ်းခင်းဈေး ကျပ် ၃ သိန်းနဲ့ လေလံဈေး စခေါ်ခဲ့တာပါ။
လေလံဆွဲ ဝယ်ယူလို.. သူတွေအနေနဲ့ ဈေးတကြိမ် တိုးပေးတိုင်း အနည်းဆုံး/ ၁၀,၀၀၀ ကျပ် တိုးပေးကာ ပါဝင်နိုင်မှာ ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက် ညနေ ၆ နာရီမှာ အများဆုံး လေလံဈေး ပေးထားသူကို ရောင်းချ ပေးခဲ့တာ ဖြစ်ပါတယ်..
ပန်းချီကားရောင်းရငွေရဲ့ ၁၀၀ ရာခိုင်နှုန်းလုံးကိုတော့ Reds Vote NLD မှတဆင့် ပန်းချီဆရာနဲ့ ဝယ်ယူသူ နှစ်ယောက်နာမည်နဲ့ စီစဉ်လှူဒါန်းပေးမှာ ဖြစ်တယ်လို့ ဖော်ပြထားပြီး လေလံဈေးဖွင့်တဲ့ အချိန်ပိုင်းအတွင်းမှာပဲ ဈေးတိုးမြှင့်ဝယ်ယူမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
ခရစ်ဒစ် မူရင်းရေးသားသူ