Knowledge

လူသိနည်းပြီး သတိမမူမိကြတဲ့ မိမိအိမ်မှာ အမြဲသန့်ရှင်းရေး လုပ်နေတဲ့ တံမြက်စည်း နိမိတ်..

အရမ်းကြီး အယူအစွဲကြီးတာ မကောင်းပေမယ့်.. ရှေးက အယူအဆတွေ ဘယ်လို ရှိခဲ့သလဲ ဆိုတာ သိရအောင် မှတ်သားနိုင်ပါတယ်/

အခုခေတ်မှာတော့ ဒီအချက်တွေ အားလုံးကို လက်ခံလို့ မရတော့ပေမယ့်/ တစ်ချို့ သတိထားရမယ့် အလျက်လေးတွေလည်း ပါဝင်နေတာ ဖြစ်လို့ အောက်မှာ ဖတ်ကြည့်နိုင်ပါတယ်။

၁။ အပျိုတွေ တံမြက်စည်း ကျော်မိရင်.. အိမ်ထောင်မကျခင် ဗိုက်ကြီးတတ်ပါတယ်

၂။ အပျို၊ လူပျိုတွေ ခြေဖျားပေါ်ကျော်ပြီး တံမြက်စည်း ခတ်မိရင် အဲ့ကလေးတွေ အိမ်ထောင်မကျတော့ပါဘူး။ တံမြက်စည်းကို တံတွေးနဲ့ ပြန်ထွေးခိုင်းပါ။

၃။ အိမ်နီး ခြံနီးချင်းတွေ ကိုယ့် အိမ်/ခြံဝကစပြီး တံမြက်စည်း လာလှည်းသွားရင် ဝင်မယ့်လာဘ် မဝင်တော့ပါဘူး။ သူ့အိမ်ဝက ပြန်လိုက်လှည်းယူပါ

၄။ တံမြက်စည်းသစ်နဲ့ အိမ်ထဲက အိမ်ပြင် စ မလှည်းရပါဘူး။ ပစ္စည်းတစ်ခုခု အိမ်ဝချပြီး အိမ်ထဲ အရင်လှည်းထည့်ရပါတယ်။

၅။ ကိုယ့်မိသားစုတွေအကုန် ကံဆိုးနေတယ်ထင်ရင် ရှေ့၊ နောက် အိမ်တံခါးတွေဖွင့်ထားပြီး အိမ်ရှိလူကုန် အိမ်လယ်ကစ ရှေ့နောက်အပေါက်ဘက်ကို တံမြက်စည်း လှည်းခိုင်းပါ

၆။ အိမ်ဝင်တံခါးမှာ တံမြက်စည်း ကန့်လန့်ဖြတ်ချထားရင်.. မကောင်းတဲ့ ဝိဉာဉ် ဝင်မရပါဘူး၊၊ ပညာသည်တွေ ကြံစည်မရပါဘူး

၇။ တံမြက်စည်းဟာ မမြင်ရတဲ့ နာမ်လောကသားတွေနဲ့ ဆက်နွယ်နေတာမို့ အိမ်မှုကိစ္စကလွဲပြီး တံမြက်စည်းနဲ့ ကစားခြင်း၊ ရိုက်ခြင်း လုံးဝမပြုရပါ။ လူကို အငြိုးထားတတ်ပါတယ်

၈။ တံမြက်စည်းလှည်းရင်း ယောက်ျားလေးတွေ ထိမိရင် ဘုန်းကံနိမ့်ပါတယ်။ မတော်တဆ ထိမိလျှင် အဲ့ တံမြက်စည်းကို နံရံနဲ့ ၃ ချက် ရိုက်ပြီး အပြစ်ပေးပါ။

၉။ ဘုန်းကြီးကျောင်း၊ ဘုရားတွေက တံမြက်စည်းကို မသန့်သောလက်နဲ့ မကိုင်ပါနဲ့

၁၀။ တံမြက်လှည်းရင် အိမ်ဝက အိမ်ထဲပဲ လှည်းယူပါ။ အိမ်ထဲက အိမ်ဝလှည်းလျှင် စီးပွားယုတ်လျော့ပါတယ်။

၁၁။ နှစ်ဆန်း ၁ ရက်နေ့ တံမြက်စည်း မလှည်းပါနဲ့။ လှည်းရင် အဲ့နှစ် လာဘ်ပိတ်ပါတယ်

၁၂။ ညအိပ် ညနေ(ဧည့်ကောင်း)ပြန်ရင်ချက်ချင်းတံမြက်စည်း ထမလှည်းပါနဲ့။

လှည်းရင် အဲ့ ဧည့်သည် နောက်တစ်ခါ မလာတော့ပါ ဧည့်ဆိုးပြန်ရင် နောက်မလာအောင် ချက်ချင်းသာ ထလှည်းပါ

၁၃။ ညအချိန် တံမြက်စည်းမလှည်းပါနဲ့။ မဖြစ်မနေလှည်းရရင် အိမ်ထဲက အိမ်ပြင်ကို လှည်းထုတ်ပါ။

၁၄။ နာရေးရှိရင် ပထမသုံးရက် တံမြက်စည်း မလှည်းရပါဘူး။ သေသူ ဝိဉာဏ်ကို အိမ်စောင့်နတ်တွေ နှင်ထုတ်ပါတယ်

၁၅။ တံမြက်စည်း ပြောင်းပြန်ထောင်ထားရင် သူများ မကောင်းကြံလို့ မရပါဘူး။ လာဘ်လာဘလည်း ရပါတယ်။

၁၆။ ညအိပ်ချိန် တံခါးအတွင်းဘက်မှာ တံမြက်စည်းပြောင်းပြန်ထောင်ထားလျှင် သူခိုး ကပ်မရပါဘူး။ အိပ်မွေ့ချမရ

၁၇။ တံမြက်စည်းအဟောင်းကို အိမ်သစ် သယ်မသွားပါနဲ့။ မမြင်ရတာတွေ လိုက်သွားပါတယ်။ အိမ်သစ်မတက်ခင် တံမြက်စည်းအသစ် အရင်ဝယ်ပြီး သွားပို့ထားပါ

ဗဟုသုတ အနေဖြင့် ဖော်ပြပေးတာ ဖြစ်လို့ ရှေးရိုးစွဲ အယူအဆတွေ အားလုံးကို လက်ခံဖို့ မလို့ပါဘူး

မိမိဉာဏ်ချင့်ချိန်ပြီး မလိုအပ်တာ ပယ်၊ လိုအပ်တာ ယူပြီး အသိအမြင်တွေ တိုးပွားနိုင်ပါစေ.. မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်

error: Content is protected !!