News

CDM လုပ်လို့ စာသင်ခန်းကို ပြန်လာခွင့် မရတော့ရင် ခွင့်လွှတ်ကြပါ တပည့်တို့ရေ..

တပည့်တွေ အပေါ် သမိုင်းဆိုးကို အားပေးတဲ့ ဆရာမအဖြစ် အဖြစ်မခံလို နွေဦး တော်လှန်ရေး အောင်မြင်မယ့် အထိ CDM လုပ်သွားမယ်/

လက်မှတ် ထိုးမှ ထုတ်ရမယ် ဆိုလို့ (30.4.2021ရက်နေ့) လစာသွား မထုတ်ခဲ့ပါဘူး..၊ ကိုယ်က မချမ်းသာပါဘူး ဒါပေမဲ့ ဘယ်သူ့အကူ အညီမှလည်း မတောင်းဆိုဘူး/ တောင်းဆို စရာလည်း မလိုပါဘူး။

ပြည်သူတွေ အပေါ် ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်ဟာ အမြဲသစ္စာ ရှိနေပါမယ်/ လစာမရလို့ ငတ်သေသွားပါစေ.. တပည့်တွေအပေါ် သမိုင်းဆိုးကို အားပေးတဲ့ ဆရာမအဖြစ်ကို အဖြစ်မခံနိုင်ပါဘူး။

ပြည်သူတွေအပေါ်နိုင်ငံအပေါ်လည်း ပေးခဲ့တဲ့ကတိကို ထာဝရ တည်မြဲနေပါမယ်..၊ စာသင်ခန်းကို ပြန်လာခွင့် မရတော့ရင်ဖြင့်/ ခွင့်လွှတ်ကြပါ ငါတပည့် တို့ရေ။

တပည့်တွေကို သိပ်ချစ်တတ်တဲ့ ဒီဆရာမ၊ ဆရာမလုပ်/ ချင်လုပ်ကို ဘဝကိုမြှုပ်နှံ လာခဲ့တဲ့ ဆရာမ..၊ ဒီဆရာမဟာ မင်းတို့လေး တွေနဲ့ စာသင်ခန်း တွေကို သိပ်လွမ်းနေမှာ ဆိုတာတော့ မင်းတို့ ယုံကြမှာပါ..

သေချာတာကတော့ ဒီမိုကရေစီစာ/ သင်ခန်းမှာ ဆရာမ တပည့်တို့ကို ကမ္ဘာမြေရဲ့ လောကကြီး အကြောင်းတွေ ဓမ္မနဲ့ အဓမ္မတွေအကြောင်းတွေ စကားတွေ အများကြီး ပြောပြချင် သေးတာပဲ။

အသက်ပေးပြီး ကျဆုံးသွားရတဲ့ သူရဲကောင်းတွေနဲ့အတူ နွေဦးတော်လှန်ရေး/ အောင်မြင်သည်အထိ CDM လုပ်သွားမှာပါ။

အရေးအကြီးဆုံးက ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ပဲ.. ကလေးတွေရှေ့/ မတ်မတ်ရပ်ရင်း မင်းတို့ဆရာမ ဟာလေ မှားတာကို မှားတယ်လို့ ပြောရဲခဲ့တယ် ဆန့်ကျင်ရဲခဲ့ တယ်လို့ပြောပြ ချင်သေးတာ။

အမှန်တရားကို မှားပါတယ်လို့ လိမ်ညာပြီး ထောက်ခံ အားပေးမလုပ်ခဲ့တာ ကလေးတွေရှေ့ လိပ်ပြာသန့်စွာနဲ့ ရပ်ပြီစာသင် ချင်လို့ပါ..၊ကိုယ်က ကျန်းမာရေး မကောင်းပါဘူး။ဒါပေမဲ့ ကိုယ်လုပ် နိုင်သလောက်တော့ ပြည်သူ့အပေါ် တာဝန်ကျေခဲ့တယ်။

ဆက်ပြီးလည်း အဆုံးထိ တာဝန်ကျေသွားမှာပါ.. လူတိုင်းမှာ သမိုင်းဆိုတာရှိ ကြပါတယ် ကိုယ့်သမိုင်းကောင်း/ မကောင်းဆိုတာ ကိုယ့်ရဲ့ လုပ်‌ဆောင်ချက် အပေါ်မှာပဲ မူတည်ပါတယ်။

လူဖြစ်ရတဲ့ခဏလေးမှာ သမိုင်းကောင်းအောင် ကြိုးစားကြပါ/ အရေးတော်ပုံ အောင်ကိုအောင်ရမည်။

ခရစ်ဒစ် မူရင်းရေးသားသူ

Unicode Version

error: Content is protected !!