News

မြန်မာနိုင်ငံတွင် Twitter နှင့် Facebook သုံးစွဲခွင့်မရစေရန် စစ်ကောင်စီ ကြိုးပမ်းနေ..

Facebook နှင့် Twitter ကဲ့သို့ လူမှုကွန်ယက်များက ပြည်သူများ၏ဆန္ဒပြမှုကို အားပေးနေသည်ဟု ယူဆကာ အဆိုပါ app နှစ်ခု မပါဝင်ဘဲ အများပြည်သူကြည့်ရှုရန်အတွက် လက်ခံနိုင်ဖွယ်ရှိသည်ဟုယူဆသော အွန်လိုင်း ဝန်ဆောင်မှုနှင့် နယ်ပယ်အမည်ပေါင်း..၊

၁၂၀၀ ကျော်ကို ခွင့်ပြုစာရင်း (whitelist) ဖြင့် အကြမ်းဖက်စစ်ကောင်စီက ယနေ့ထုတ်ပြန်လိုက်ကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြထားသည်။

ပြည်တွင်းသီးသန့်အင်တာနက်ဝန်ဆောင်မှုဖြင့်သာ သုံးစွဲနိုင်မည့် ဝန်ဆောင်မှုပေါင်း ၇၅၀ ကျော်နှင့် အွန်လိုင်းနယ်ပယ်ပေါင်း ၄၅၀ တို့က ထိုစာရင်းတွင် ပါဝင်နေပြီး ဘဏ်လုပ်ငန်းများ/ Grab နှင့် Foodpanda တို့ကဲ့သို့ အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းများလည်း ပါရှိကြောင်းသိရသည်/

Instagram၊ YouTube၊ Netflix နှင့် Tinder စသည့် ဖျော်ဖြေရေးဆိုင်ရာ app များအပြင် The New York Times၊ CNN ၊ Barron’s သတင်းဌာနများကိုလည်း သုံးစွဲခွင့်ပြုထားကာ ယခုဖော်ပြနေသည့် Nikkei Asia သတင်းဌာနပင်လျှင် စာရင်း၌ ပါဝင်ခြင်းမရှိပေ။

လူထုချင်းဆက်သွယ်စည်းလုံးရေးအတွက် အဓိကထား သုံးစွဲနေသည့် လူမှုကွန်ရက်များဖြစ်သော Twitter နှင့် Facebook ကို ပိတ်ပင်ထားသော်လည်း WhatsApp၊ LinkedIn၊ Viber နှင့် Zoom တို့ကိုမူ လူအများ စီးပွားရေးဦးတည်ချက်ဖြင့် သုံးစွဲနေသည်ဟူသော အကြောင်းပြချက်ဖြင့် စာရင်းတွင် ထည့်သွင်းထားသည်။

ထို့အပြင် တရုတ်နိုင်ငံမှ WeChat၊ တောင်ကိုရီးယားမှ Kakao Talk၊ ဂျပန်မှ Line နှင့် ရုရှားမှ VK app တို့လည်း အဆိုပါခွင့်ပြုစာရင်းတွင်ပါဝင်သည်။

အဆိုပါ whitelist စာရင်းကို စစ်ကောင်စီလက်အောက်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် အင်တာနက်ပံ့ပိုးဝန်ဆောင်မှုပေးသူများ (ISPs) နှင့် လူထုဆက်သွယ်ရေးလုပ်ငန်းစုများကို ပေးပို့ခဲ့ပြီး “ပညာရေးသာမက အသေးစား။

အလတ်စားစီးပွားရေးလုပ်ငန်းများပါ ပြန်လည်ချိတ်ဆက်မိစေရန် အင်တာနက်ဝန်ဆောင်မှုပေးနေသော လုပ်ငန်းများအနေဖြင့် whitelist ပါ app များကို အမြန်ဆုံးသုံးစွဲနိုင်ရန် ဆောင်ရွက်ပေးရမည်” ဟူသော ညွှန်ကြားချက်ကိုပါ တစ်ပါတည်း ထုတ်ပြန်ခဲ့သည်။

ပညာရေးနှင့်သက်ဆိုင်သော အင်တာနက်ဝန်ဆောင်မှု ၁၀ မျိုးနှင့် Google ၊ Microsoft အပါအဝင် စီးပွားဆက်စပ် app ပေါင်း ၃၀၀ ကျော်ကို စစ်ကောင်စီက whitelist စာရင်းတွင် အတည်ပြုပေးထားသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးစဉ်မှစကာ အင်တာနက်ဖြတ်တောက်ရန် စစ်ကောင်စီက နှစ်ကြိမ်တိုင်တိုင်ကြိုးပမ်းခဲ့သော်လည်း နေ့စဉ်လူမှုစီးပွားနှင့် စားသုံးသူများ၏ ဖြုန်းအားကိုသာ အကြီးအကျယ် ထိခိုက်သွားစေခဲ့သည်။

လတ်တလော စီးပွားရေး စစ်တမ်းများအရ ပြည်တွင်းရှိ ကုမ္ပဏီများအနက် သုံးပုံတစ်ပုံမှာ လုပ်ငန်းလည်ပတ်မှုနှုန်းကို ၇၅% အထိလျှော့ချလိုက်ရကြောင်း သိရသည်/

“အရာရာတိုင်းက ပိုခက်ခဲလာပြီး လူတွေက သူတို့ရဲ့ တိုးတက်မှုကို ရှာဖွေဖို့ လိုအပ်တဲ့ website စာမျက်နှာတွေကို ဝင်ကြည့်လို့ မရတော့ပါဘူး။ အင်တာနက်ကို လွတ်လပ်စွာ..၊ သုံးစွဲကြည့်ရှုခွင့် မရတော့တဲ့အတွက် တခြားသောနိုင်ငံတွေနဲ့ယှဉ်ရင် မြန်မာပြည်သူတွေအနေနဲ့ နယ်ပယ်တိုင်းမှာ နောက်ကျကျန်ခဲ့တော့မှာဖြစ်ပါတယ်” ဟု..၊

မြန်မာ့ဆက်သွယ်ရေးနယ်ပယ်မှ ပညာရှင်တစ်ဦးက ဆိုထားသည့်အတွက် ဆုတ်ယုတ်လာသည့် နိုင်ငံ့စီးပွားရေးကို အဖတ်ဆယ်နိုင်ရန် စစ်ကောင်စီက မည်မျှကြိုးပမ်းစေကာမူ ယခုထုတ်ပြန်သည့် whitelist စာရင်းက ကယ်တင်နိုင်မည်မဟုတ်ကြောင်း ခန့်မှန်းထားကြသည်။

လေ့လာစောင့်ကြည့်သူများကို မျက်စိကျစေသည့် နောက်တစ်ချက်မှာ အဆိုပါစာရင်း၌ပါဝင်သည့် ဂိမ်းများဖြစ်သည်။ Facebook နှင့် Twitter ကို စာရင်းမှ ပယ်ထားသော်လည်း..၊ လူငယ်ကြိုက် အွန်လိုင်းဂိမ်းများဖြစ်သည့် Candy Crush၊ Mobole Legends: Bang Bang၊ PUBG Mobile အပါအဝင် ဂိမ်းပေါင်း ၄၀ ကျော်ကို ထည့်သွင်းထားသည်။

“စစ်ကောင်စီက လူငယ်တွေကို နိုင်ငံရေးမှာ မပါဝင်စေချင်ဘူး” ဟုလည်း ရန်ကုန်မြို့နေ အသက် ၂၀ ကျော်လူငယ်တစ်ဦးက Nikkei သတင်းဌာနကို ပြောကြားလာသည်/

Ref; Myanmar allows Tinder but axes dissent havens Twitter, Facebook

ခရစ်ဒစ် မူရင်းရေးသားသူ

Unicode Version

Facebook နှင့် Twitter ကဲ့သို့ လူမှုကွန်ယက်များက ပြည်သူများ၏ဆန္ဒပြမှုကို အားပေးနေသည်ဟု ယူဆကာ အဆိုပါ app နှစ်ခု မပါဝင်ဘဲ အများပြည်သူကြည့်ရှုရန်အတွက် လက်ခံနိုင်ဖွယ်ရှိသည်ဟုယူဆသော အွန်လိုင်း ဝန်ဆောင်မှုနှင့် နယ်ပယ်အမည်ပေါင်း..၊

၁၂၀၀ ကျော်ကို ခွင့်ပြုစာရင်း (whitelist) ဖြင့် အကြမ်းဖက်စစ်ကောင်စီက ယနေ့ထုတ်ပြန်လိုက်ကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြထားသည်။

ပြည်တွင်းသီးသန့်အင်တာနက်ဝန်ဆောင်မှုဖြင့်သာ သုံးစွဲနိုင်မည့် ဝန်ဆောင်မှုပေါင်း ၇၅၀ ကျော်နှင့် အွန်လိုင်းနယ်ပယ်ပေါင်း ၄၅၀ တို့က ထိုစာရင်းတွင် ပါဝင်နေပြီး ဘဏ်လုပ်ငန်းများ/ Grab နှင့် Foodpanda တို့ကဲ့သို့ အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းများလည်း ပါရှိကြောင်းသိရသည်/

Instagram၊ YouTube၊ Netflix နှင့် Tinder စသည့် ဖျော်ဖြေရေးဆိုင်ရာ app များအပြင် The New York Times၊ CNN ၊ Barron’s သတင်းဌာနများကိုလည်း သုံးစွဲခွင့်ပြုထားကာ ယခုဖော်ပြနေသည့် Nikkei Asia သတင်းဌာနပင်လျှင် စာရင်း၌ ပါဝင်ခြင်းမရှိပေ/

လူထုချင်းဆက်သွယ်စည်းလုံးရေးအတွက် အဓိကထား သုံးစွဲနေသည့် လူမှုကွန်ရက်များဖြစ်သော Twitter နှင့် Facebook ကို ပိတ်ပင်ထားသော်လည်း WhatsApp၊ LinkedIn၊ Viber နှင့် Zoom တို့ကိုမူ လူအများ စီးပွားရေးဦးတည်ချက်ဖြင့် သုံးစွဲနေသည်ဟူသော အကြောင်းပြချက်ဖြင့် စာရင်းတွင် ထည့်သွင်းထားသည်။

ထို့အပြင် တရုတ်နိုင်ငံမှ WeChat၊ တောင်ကိုရီးယားမှ Kakao Talk၊ ဂျပန်မှ Line နှင့် ရုရှားမှ VK app တို့လည်း အဆိုပါခွင့်ပြုစာရင်းတွင်ပါဝင်သည်။

အဆိုပါ whitelist စာရင်းကို စစ်ကောင်စီလက်အောက်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် အင်တာနက်ပံ့ပိုးဝန်ဆောင်မှုပေးသူများ (ISPs) နှင့် လူထုဆက်သွယ်ရေးလုပ်ငန်းစုများကို ပေးပို့ခဲ့ပြီး “ပညာရေးသာမက အသေးစား။

အလတ်စားစီးပွားရေးလုပ်ငန်းများပါ ပြန်လည်ချိတ်ဆက်မိစေရန် အင်တာနက်ဝန်ဆောင်မှုပေးနေသော လုပ်ငန်းများအနေဖြင့် whitelist ပါ app များကို အမြန်ဆုံးသုံးစွဲနိုင်ရန် ဆောင်ရွက်ပေးရမည်” ဟူသော ညွှန်ကြားချက်ကိုပါ တစ်ပါတည်း ထုတ်ပြန်ခဲ့သည်။

ပညာရေးနှင့်သက်ဆိုင်သော အင်တာနက်ဝန်ဆောင်မှု ၁၀ မျိုးနှင့် Google ၊ Microsoft အပါအဝင် စီးပွားဆက်စပ် app ပေါင်း ၃၀၀ ကျော်ကို စစ်ကောင်စီက whitelist စာရင်းတွင် အတည်ပြုပေးထားသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးစဉ်မှစကာ အင်တာနက်ဖြတ်တောက်ရန် စစ်ကောင်စီက နှစ်ကြိမ်တိုင်တိုင်ကြိုးပမ်းခဲ့သော်လည်း နေ့စဉ်လူမှုစီးပွားနှင့် စားသုံးသူများ၏ ဖြုန်းအားကိုသာ အကြီးအကျယ် ထိခိုက်သွားစေခဲ့သည်။

လတ်တလော စီးပွားရေး စစ်တမ်းများအရ ပြည်တွင်းရှိ ကုမ္ပဏီများအနက် သုံးပုံတစ်ပုံမှာ လုပ်ငန်းလည်ပတ်မှုနှုန်းကို ၇၅% အထိလျှော့ချလိုက်ရကြောင်း သိရသည်/

“အရာရာတိုင်းက ပိုခက်ခဲလာပြီး လူတွေက သူတို့ရဲ့ တိုးတက်မှုကို ရှာဖွေဖို့ လိုအပ်တဲ့ website စာမျက်နှာတွေကို ဝင်ကြည့်လို့ မရတော့ပါဘူး။ အင်တာနက်ကို လွတ်လပ်စွာ..၊ သုံးစွဲကြည့်ရှုခွင့် မရတော့တဲ့အတွက် တခြားသောနိုင်ငံတွေနဲ့ယှဉ်ရင် မြန်မာပြည်သူတွေအနေနဲ့ နယ်ပယ်တိုင်းမှာ နောက်ကျကျန်ခဲ့တော့မှာဖြစ်ပါတယ်” ဟု..၊

မြန်မာ့ဆက်သွယ်ရေးနယ်ပယ်မှ ပညာရှင်တစ်ဦးက ဆိုထားသည့်အတွက် ဆုတ်ယုတ်လာသည့် နိုင်ငံ့စီးပွားရေးကို အဖတ်ဆယ်နိုင်ရန် စစ်ကောင်စီက မည်မျှကြိုးပမ်းစေကာမူ ယခုထုတ်ပြန်သည့် whitelist စာရင်းက ကယ်တင်နိုင်မည်မဟုတ်ကြောင်း ခန့်မှန်းထားကြသည်။

လေ့လာစောင့်ကြည့်သူများကို မျက်စိကျစေသည့် နောက်တစ်ချက်မှာ အဆိုပါစာရင်း၌ပါဝင်သည့် ဂိမ်းများဖြစ်သည်။ Facebook နှင့် Twitter ကို စာရင်းမှ ပယ်ထားသော်လည်း..၊ လူငယ်ကြိုက် အွန်လိုင်းဂိမ်းများဖြစ်သည့် Candy Crush၊ Mobole Legends: Bang Bang၊ PUBG Mobile အပါအဝင် ဂိမ်းပေါင်း ၄၀ ကျော်ကို ထည့်သွင်းထားသည်။

“စစ်ကောင်စီက လူငယ်တွေကို နိုင်ငံရေးမှာ မပါဝင်စေချင်ဘူး” ဟုလည်း ရန်ကုန်မြို့နေ အသက် ၂၀ ကျော်လူငယ်တစ်ဦးက Nikkei သတင်းဌာနကို ပြောကြားလာသည်/

Ref; Myanmar allows Tinder but axes dissent havens Twitter, Facebook

ခရစ်ဒစ် မူရင်းရေးသားသူ

error: Content is protected !!