Knowledge

KTV မှာလုပ်တဲ့ မမတစ်ယောက်ရဲ့ မရှက်တမ်း ပြောပြထားတဲ့ ရင်ဖွင့်စကားများ..

ပုခုံးတွေခါးတွေ ဟိုပွတ်ဒီပွတ်နဲ့ ခုကျွေးမလိုတော်ကြာကျွေးမလို မာယာများရတာပေါ့နော်….။ သစ္စာမေတ္တာဆိုတာ ကေတီဗီလောကမှာမရှိဘူး/ကေတီဗီ နွား“ဘိုးတော်ရောက်ပြီ”ဝိတ်တာလေးလာအော်တော့မှ ဘောင်းဘီတိုကောက်လဲ နူတ်ခမ်းလေး သပ်ရပ်အောင်ဆိုး ဆံပင်ကို sexy ဖြစ်အောင်ဖွပြီး Room A7 ကိုသွားပြီ။ဒီနေ့တော့ ဘိုးတော်တစ်ပွေတည်း ဂေါက်မရိုက်ဖြစ်လို့ စောလာတာတဲ့လေ…ဘိုးတော်က ဆရာကြီးစတိုင်နဲ့ ထိုင်နေပြီ/

အမှန်တော့ အာပလာကြီးဖြစ်နေပြီရယ်…ဘာဖြစ်ဖြစ် ကိုယ့်ကာစတမ်မာကို အပြုံးမပျက်ရဘူးလေ…သူ့အတွက် သောက်စရာ စားစရာမှာ… ကိုယ့်အတွက်ကျွဲရိုင်းနဲ့သီးစုံတစ်ပွဲပေါ့။ထုံးစံအတိုင်း ဘိုးတော်ကရူးကြောင်မူးကြောင်နဲ့ လေတွေစွတ်တိုက်နေပြန်တာ

အခုပဲ တိုက်ခန်းဝယ်ပေးတော့မှာလို နိူင်ငံခြားအလည်ခေါ်တော့မှာလိုကိုယ်တွေကလည်း ဒါမျိုးတွေရိုးလို့ရှင် ယုံချင်ယောင်တော့ ဆောင်ပြရတာပေါ့ရှင်စီးပွားရေးအောင်မြင်ကြောင်း ပင့်ပေးရတာပေါ့ရှင် ဘောလုံးပွဲလောင်းတာတော်ကြောင်း ဘုံမြှောက်ရတာပေါ့ရှငလူတိုင်းက ဒီနေရာရောက်လာရင် ဘောစိလို့ အထင်ခံရတာကို ဂုဏ်ယူကြတယ်လေကိုယ်တွေကတော့..၊

သနားအောင်ဇာတ်ကွက်ဆင်ရတာပေါ့ ပထွေးနဲ့နေရတာတို့ မောင်နှမများတာတိုအမေနေမကောင်းတာတို့ အကြွေးတင်နေတယ်တို့ဘာတို့ ညာတို့ကဗျာဆရာ စာရေးဆရာတွေနဲ့တွေ့ရင် ပိုပိုသာသာအိုက်တင် လုပ်ပြရသေးတယ်ရှင်ဒါမှ အပိုဆာဒါးတွေကို သူတို့ကသနားအောင်ဝါဒဖြန့်ပေးမှာ။

ဒီလိုပါပဲ အများသူငါ ကေတီဗီထုံးစံအတိုင်းပေါငယ်ကျွမ်းဆွေနဲ့စမယ်မူးလာရင် နဂါးနီပြီးရင်မြနန္ဒာနဲ့သိမ်းကြတာပေါ့ကိုယ်တွေက မြနန္ဒာနားရောက်လာရင်ပစ်ချွဲချွဲနဲ့အစ်ကိုကြီးခေါ် မုန့်ဖိုးတောင်းပေါ့ဆင်ဘယ်နှစ်ကောင်ထွက်မလဲဆိုတာ အဓိကလေများရင် တခြားကောင်မတွေကိုကြွားရဦးမှာ။ငွေကလည်း ရှာမှဖြစ်မယ် ယောက်ျားက အလုပ်မရှိဘူးသားကို ပညာတတ်ဖြစ်စေချင်တယ်အမေလည်းရှိသေးတယ် အိမ်လခရှိသေးတယ်။ဒီဘိုးတော်နဲ့ဆုံတော့ အဆင်ပြေပါတယ်။လက်ဝတ်လက်စားအစုံနဲ့ဟမ်းဆက်အမိုက်စားနဲ့ အဖတ်တင်လာတယ်။

ဇာတ်လမ်းမေးရင် ကေတီဗီထုံးစံအတိုင်းပါပဲ ချူဆီထည့်တဲ့ဇာတ်လမ်းပါပဲအိမ်လခမရှိဘူး မောင်လေးကျောင်းစရိတ်လိုတယ်ဘာညာပေါ့ ကျေးဇူးရှင်ကြီးပါပေါ့။သူစားချင်တာကိုတော့ ခုကျွေးမလိုတော်ကြာကျွေးမလို မာယာများရတာပေါ့နော်…သူငွေရှင်းပြီးပြန်သွားရင် ကိုယ်လည်းတခြားအခန်းကူးသွားတာပဲလေ…ပုခုံးတွေခါးတွေ ဟိုပွတ်ဒီပွတ်တွေတော့ ရူပဒါနပြုရတာပေါ့။သစ္စာမေတ္တာဆိုတာ ကေတီဗီလောကမှာမရှိဘူး တင်မောင်ဆန်းမင်းဝင်းဆီမှာပဲရှိလိမ့်မယ်/

ဒီဘိုးတော်လည်းကြွားသာကြွားနေတာ အရင်လို ရေမလျှံတော့ဘူးရှင့်ရွှေငါးလောက်စီးတာတော့ ဒီခေတ်မှာစာမဖွဲ့တော့ဘူးလေအလုပ်ထဲ ငွေကွာလို့ပြဿနာတက်တယ်ကြားတယ်။ ဘောလုံးပွဲတွေရှုံးတယ်ကြားတယ်။ဘိုးတော်သားနဲ့ ကိုယ်တွေသားက ကျောင်းမှာအတန်းတူတယ်။ဘိုးတော်သားက တစ်နေ့မုန့်ဖိုးငါးရာရတယ်။ ကိုယ်တွေသားကိုအောက်ကျမှာစိုးလို့မုန့်ဖိုးတစ်နေ့ထောင့်ငါးရာပေးတယ်။

နောက်လဆို အခုကေတီဗီပိုင်ရှင်က နောက်တစ်ဆိုင် ထပ်ဖွင့်တော့မှာ..၊ ကိုယ်တွေ ဆိုင်သစ်ကိုပြောင်းမှာ… ဘိုးတော်ကိုတော့ အကွက်ရွှေ့ရမှာပေါ့ရှင်အကွက်ရွှေ့တာလွယ်ပါတယ်… သူ့မိန်းမနဲ့အတူရှိချိန်မှန်းပြီး လေးငါးခါ ကြူလိုက်ရုံပဲ…ကိုယ်လည်း ထိုက်သလောက်ရပြီးပြီဆိုတော့ သူတို့လင်မယား သတ်ကြပါလေ့စေလေ…ကိုယ်တွေက/

လန်ခရူူဆာနဲ့အမှန်အကန်စပွန်ဆာတစ်ယောက် ကြိုချဉ်းထားပြီးပြီ။ ခုဘိုးတော်က ချီးထုပ်ဖြစ်နေပြီလေ…အဲလိုဘိုးတော်မျိုးကို ကိုယ်တွေက ကွယ်ရာမှာ နွားလို့ခေါ်တယ်။ကေတီဗီက ဆော်ဆိုတာ ကိုယ့်မိသားစုမျက်နှာကလွဲရင် ဘာမှစောက်ဂရုမစိုက်တာ ဒီလောကရဲ့စည်းမျဉ်းပါရှင်။

ခရစ်ဒစ် စုမောင်မောင်

error: Content is protected !!