ကိုဗစ်ဖြစ်ပွားမှု အလွန်အမင်း မြင့်မားနေတဲ့ အိန္ဒိယမှာ နောက်ဆက်တွဲရောဂါအဖြစ်/ သေစေနိုင်တဲ့အထိပြင်းထန်တဲ့ မှိုနက်ရောဂါ..၊ ဖြစ်ပွားမှုဟာ ၉၀၀၀ နီးပါးအထိ ရှိနေတယ်လို့
.
BBC က ဖော်ပြပါတယ်။ ပုံမှန်အားဖြင့် ရှားပါးတဲ့ ဒီကူးစက်မှုဟာ/ သေဆုံးမှုနှုန်း ၅၀% အထိရှိနေပြီး အချို့လူနာတွေဟာ မျက်စိကို ဖယ်ထုတ်မှသာ..၊ အသက်ရှင်သန်ရစ်ဖို့ ကယ်တင်နိုင်တယ်လို့ သိရပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့လအတွင်းမှာပဲ အိန္ဒိယမှာ ကူးစက်မှုပေါင်းထောင်နဲ့ချီကာတွေ့ရှိခဲ့ရပြီး ကိုဗစ်ကူးစက်ခံရသူတွေနဲ့ ပြန်လည်ကောင်းမွန်သူတွေမှာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ဆရာဝန်တွေကတော့ ဒါဟာ ကိုဗစ်ကုသရာမှာ အသုံးပြုတဲ့ Steroid တမျိုးနဲ့ ဆက်စပ်နေတယ်လို့/ ပြောဆိုခဲ့ကြပြီး ဆီးချို ရောဂါသည်တွေ အတွက် ပိုမိုပြီး အန္တရာယ်ကြီးမားတယ်လို့လည်း ဆိုပါတယ်။
ကိုဗစ်ကူးစက်မှုကနေ ပြန်လည်ကောင်းမွန်လာတဲ့ ၁၂ ရက်ကနေ ၁၈ ရက်အတွင်းမှာ..၊ ဖြစ်ပွားနိုင်တယ်လို့ ဆရာဝန်တွေက BBC ကို ပြောခဲ့ပါတယ်။ ဂူဂျာရတ်ပြည်နယ်အနောက်ပိုင်း နဲ့/ မဟာရာရှတရာပြည်နယ်တို့မှာ ကူးစက်သူဦးရေဟာ ငါးထောင်နီးပါးအထိရှိနေပြီး ပြည်နယ်
၁၅ခုထက်မနည်းမှာ ဖြစ်ပွားမှုတွေက ၈ ခုကနေ ၉၀၀ အထိ ရှိတယ်လို့ သိရပါတယ်။
ဒီကူးစက်ရောဂါမြင့်တက်လာမှုကြောင့် ပြည်နယ် ၂၉ ခုမှာ ဒီရောဂါကို ကပ်ရောဂါအဖြစ်ကြေညာဖို့လည်း ပြောခဲ့ကြပါတယ်။
နိုင်ငံတဝှမ်းမှာဖွင့်ပေးထားတဲ့ ကုသရေးဆောင်တွေမှာလည်း လူနာတွေနဲ့ မြန်မြန်ဆန်ဆန်ပြည့်နှက်နေပြီး
ကုတင် ၁၁၀၀ အထိရှိတဲ့ Maharaja Yeshwantrao ဆေးရုံမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်းက ကူးစက်သူဦးရေဟာ ၈ ဦးကနေ ၁၈၅ ဦးအထိ မြင့်တက်ခဲ့ပါတယ်။ လူနာ ၈၀%ကျော်ဟာ
ချက်ချင်းဆိုသလို ခွဲစိတ်ကုသဖို့လိုအပ်ခဲ့ပြီး ဆေးရုံက ကုသဆောင် ၁၁ ခုမှာ ကုတင် ၂၀၀/ အထိရှိပေမယ့်လည်း မှိုရောဂါကူးစက်ခံရသူတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆေးရုံအုပ် ဒေါက်တာ VP Pandey က ပြောဆိုခဲ့ပါတယ်။
“ပြီးခဲ့့တဲ့တစ်နှစ်မှာ ဒီလိုဖြစ်ပွားသူ တစ်ဦး၊နှစ်ဦးလောက်ပဲ တွေ့ခဲ့ရပါတယ်” လို့ သူက ဆိုပါတယ်။
အနည်းဆုံး လူနာ ၄၀၀ လောက်ဟာ ဒေသတစ်ခုတည်းကနေ ကူးစက်ခဲ့တာလို့ သူက ယုံကြည်နေပြီး ”
ဒီရောဂါက အခုဆိုရင် ကိုဗစ်ထက်တောင်ပိုပြီး စိန်ခေါ်နိုင်စွမ်းကြီးမားလာပါတယ်၊ တကယ်လို့
အချိန်မီသာကုသမှုမရခဲ့ဘူးဆိုရင်တော့ အသေအပျောက်နှုန်းက ၉၄% အထိ မြင့်လာနိုင်ပါတယ်၊
ကုသစရိတ်ကလည်း များပြားပြီး ဆေးဝါးကလည်း ရှားပါးပါတယ်” လို့ ဒေါက်တာ Pandey က BBC ကို ပြောခဲ့ပါတယ်။
Mucormycosis လို့ ခေါ်ဝေါ်တဲ့ ဒီမှိုနက် စွဲကပ်မှုဟာ ရှားပါးတဲ့ ကူးစက်မှုဖြစ်ပြီး မြေဆီလွှာ..၊ အပင်၊ ချေး နဲ့ အသီးအရွက်တွေမှာ တွေ့ရလေ့ရှိတဲ့ mucor မှိုနဲ့ ထိတွေ့ မိတာကြောင့်လို့ ဆိုပါတယ်။
မွန်ဘိုင်း အခြေစိုက် မျက်စိခွဲ စိတ်ဆရာဝန် ဒေါက်တာ Akshay Nair က နေရာအနှံ့မှာ ဒီမှိုကိုထိတွေ့နိုင်ပြီး လေထု၊ကျန်းမာရေး ကောင်းမွန်သူတွေရဲ့ နှာခေါင်းနဲ့ ချွဲတွေမှာ လည်းတွေ့ ရတတ်တယ်လို့ ဆိုပါတယ်။
ခရစ်ဒစ် မူရင်းရေးသားသူ
Unicode Version