Knowledge

ကြက်ဥပြုတ်သည် ဘဝမှ ဝဘ်ဆိုဒ် ရေးသားသူ တစ်ယောက် အဖြစ်သို့ ရောက်ရှိခဲသူ..

သူကတော့ Emerson Paguia လို့ ခေါ်ပြီး ဖိလစ်ပိုင်နိုင်ငံ Zambales ပြည်နယ်မှာ နေထိုင်ပါတယ် သူဟာ ဆင်းရဲတဲ့ မိသားစု အသိုင်းအဝိုင်းက ဖြစ်တာကြောင့် အထက်တန်း ကျောင်းသာ ပြီးအောင် တတ်နိုင်ခဲ့ပြီး တက္ကသိုလ် ဆက်မတက်နိုင်ခဲ့ပါဘူး/

ဒါကြောင့် မနီလာမြို့ကိုသွားပြီး အလုပ်သွား။ လျှောက်တဲ့အခါ ဘယ်ကုမ္မဏီမှ သူ့ကိုလက်မခံပါဘူး။ အထက်တန်းကျောင်း ပြီးတစ်ယောက်အနေနဲ့ အလုပ်ရှားတာကို သူသိလိုက်ပါတယ်..၊

Call Center တွေမှာ အထက်တန်းကျောင်းပြီးရုံနဲ့ အလုပ်ရနိုင်တယ်..၊ ဆိုတာကိုလည်း သိပေမယ့် သူဟာ စကားအပြောအဆို ညံ့ဖျင်းသူ တစ်ယောက်လို့လည်း သိထားတဲ့အတွက် ယင်းအလုပ်ကို မလျှောက်ခဲ့ပါဘူး/

ဒါနဲ့ မိသားစု စာဝတ်နေရေး ပြေလည်ဖို့အတွက် ကြက်ဥပြုတ်ရောင်းတဲ့ အလုပ်ကိုပဲ သူ စတင်လုပ်ကိုင်ပါတော့တယ်။ နေ့ရောညပါ အားရင် အားသလို ကြက်ဥပြုတ်ရောင်းပါတယ်..

ဒီအတွက်လည်း ရထားစီးပြီး ခရီးသွားရ တာပါ။ နောက်တော့ ရထားစီးဖို့ ပိုက်ဆံကိုတောင် မသုံးတော့ပဲ လမ်းလျှောက်သွားတဲ့အထိ သူ ချွေတာခဲ့ ပါတယ်။

ရည်ရွယ်ချက်ကတော့ အင်တာနက် အသုံးပြုဖို့ပါ သူက အိုင်တီပညာရပ်ကို လေ့လာချင်စိတ် ရှိနေသူ ဖြစ်ပါတယ်/ ဒါနဲ့ ဝဘ်ဆိုဒ်တွေတစ်ခုပြီး တစ်ခုလေ့လာရင်း အွန်လိုင်းအခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေ တွေ့ပါတယ်..၊

နောက်တော့ Tesda က ပေးတဲ့ Training for Work Scholarship Program (TWSP) လို ပရိုဂရမ် မျိုးကိုတောင် ရှာတွေခဲ့ပြီး ပထမဆုံး အွန်လိုင်းကနေ စတင်လေ့လာ ပါတယ်

အွန်လိုင်းမှာပဲ သူတို့ ပေးတဲ့ Tutorial တွေ၊ Test တွေ ကိုယ်တိုင် လေ့လာရင်း Data programming နဲ့ PHP Server site encryption သင်တန်းတက်ဖို့အတွက် စကော်လာရရှိခဲ့ပါတယ်။ ဒီအတွက် Quezon City က Informatics College မှာ သွားတက်ရမှာပါ../

သူနေတဲ့ မြို့ Angono ကနေ ဆိုရင် ရထားစီးသွားရမှာ ဖြစ်ပေမယ့် ၃ နာရီလမ်းလျှောက်ခရီးကို သူရွေးချယ်ပါတယ် သူဟာ အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ် အသွားကော၊ အပြန်မှာပါ ကြက်ဥပြုတ်ရောင်းပြီး အတန်းထဲက စာတွေကိုလည်း စိတ်ဝင်တစား လေ့လာပါတယ်။ အလုပ်တစ်ဖက်နဲ့ စာကြိုးစားတဲ့ Emerson ဟာ အခန်းတွင်း စာမေးပွဲမှာ အမှတ်အများဆုံး ရရှိပြီး Top scholar တစ်ဦး ဖြစ်လာပါတယ်../

ဒါကြောင့် သင်တန်းပြီးသွားချိန် သူ့ကို ကျောင်းပိုင် Web development team ထဲ ဝင်ဖို့ ငှားရမ်းပြီး IT Project ကြီးများကို ဦးဆောင်စေပါတယ်။ လက်ရှိ Informatics College ရဲ့ အွန်လိုင်း Student Portal ကိုလည်း သူပဲ ဦးဆောင် ဖန်တီးထားပေးခြင်း ဖြစ်ပါတယ်/

ဒါကြောင့် သူဟာ ကြက်ဥပြုတ်ရောင်းတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို/ စွန့်လွတ်လိုက်ပါပြီ မိသားစု စားဝတ်နေရေးအတွက် ကွန်ပြူတာရှေ့မှာ code တွေရေးရင် အဆင်ပြေနေပြီ ဖြစ်ပါတယ်..၊ သူ့ရဲ့ ကြိုးစားမှု ကြောင့်လည်း ကျောင်းတက်နေစဉ်မှာပဲ အလုပ် Project များကို ဖန်တီးလုပ်ကိုင်နိုင်ခဲ့ပါတယ်..၊

အဲဒီနောက်တော့ သူဟာ IT Staff ၊ အလုပ်သင် ၊ ဝဘ်ဆိုဒ် ရေးသားသူ ၊ ဆော့ဝဲ ရေးသားသူ စတဲ့အလုပ် တွေကို လုပ်ခဲ့ပြီး လက်ရှိမှာတော့ OrangeApps ဆိုတဲ့ ဖိလစ်ပိုင် နည်းပညာ ကုမ္ပဏီတစ်ခုမှာ ဆော့ဝဲ/ အရည်အသွေး အကဲဖြတ်တဲ့ တာဝန်ကို ထမ်းဆောင် နေပြီဖြစ်ပါတယ်။

မိမိဝါသနာ နဲ့ အလျော့မပေးကြိုးစားလိုတဲ့ ဇွဲ သာရှိရင် အောင်မြင်မှုဆိုတာ မဝေးတဲ့/ အနာဂါတ်မှာ ရှိနေကြောင်း Emerson က ပြသခဲ့တာဖြစ်ပါတယ်။

Ref: dyknow

Via : International news for Myanmar

Unicode Version

error: Content is protected !!