News

ဂျပန် သတင်းထောက် တိုကျိုပြန်ရောက် မြန်မာပြည်က သတင်းစကား ကမ္ဘာကို ဖြန့်မည်..

မြန်မာ စစ်ကောင်စီ အကြမ်းဖက် အဖွဲ့ရဲ့ ဖမ်းဆီးခံ ခဲ့ရပြီး ပြည်နှင်ဒဏ် ပေးခံခဲ့ရတဲ့ ဂျပန် နိုင်ငံသား အလွတ် သတင်းထောက်..၊ မစ္စတာ ယူကီ ခိတဇုမိကိုဟာ ဒီနေ့ မေလ ၁၄ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီခွဲမှာ ဂျပန်နိုင်ငံ ချီးဘာခရိုင် နာရီတာ လေဆိပ်ကို ပြန်လည်ရောက်ရှိ လာပါတယ်/

အလွတ်သတင်းထောက် မစ္စတာ ယူကီကို ဒီနေ့မနက်က.. အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးခဲ့ပြီး ရန်ကုန်လေဆိပ်ကနေတဆင့် လေကြောင်းခရီးနဲ့ ဂျပန်ကိုပြန်လည်ရောက်ရှိလာတာပါ..၊

ဂျပန်ကို ပြန်ရောက် ရောက်ချင်း လေဆိပ်မှာပြုလုပ်တဲ့ သတင်းစာ.. ရှင်းလင်းပွဲမှာ မစ္စတာ ယူကီက/ သူ့လွတ်မြောက်..၊ ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သူတွေ..၊ အားလုံးကို ကျေးဇူးအထူးတင်ကြောင်းနဲ့ လက်ရှိသူ့အနေနဲ့ သတင်းသမား/

တဦးဖြစ်တဲ့အတွက် မြန်မာနိုင် ငံသားတွေ ပေးချင်တဲ့ သတင်းစကားတွေကို ဂျပန်အပါအဝင်တ ကမ္ဘာလုံးကသိအောင် လုပ်ဆောင်ပါမယ်လို့ ပြောကြားခဲ့ပါတယ်။

မစ္စတာ ယူကီ ပြန်လွတ်ရေးအတွက် ဂျပန်နိုင်ငံက နည်းလမ်းပေါင်းစုံနဲ့..၊ ချည်းကပ်ပြီး ခက်ခက်ခဲခဲ လုပ်ကိုင်ခဲ့ရတယ်လို့လည်း ယနေ့ပြုလုပ်ခဲ့တဲ့..၊ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Motegi က ပြောဆိုခဲ့ပါ သေးတယ်။

ဂျပန်သတင်းထောက် မစ္စတာ ယူကီခိတဇုမိ ကို မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေးကို ရှေးရှုပြီး အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးမယ်..၊ လို့ စစ်ကောင်စီ သတင်း ထုတ်ပြန်ရေး အဖွဲ့က မေလ ၁၃ ရက်မှာ ကြေညာပြီးနောက် ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်/

သတင်းထောက် မစ္စတာ ယူကီ ခိတဇုမိကို ဧပြီ ၁၈ ရက်ညပိုင်းမှာ ရန်ကုန် ပုဇွန်..၊ တောင်မြို့နယ် ရေကျော်လမ်းရှိ သူ့ရဲ့ နေ အိမ်မှာ ရဲနဲ့စစ်တပ်က လာရောက် ဖမ်းဆီးသွားခဲ့ တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ရန်ကုန် မြေနီကုန်းမှာ စစ်အာဏာရှင်ဆန့်ကျင်‌ဆန္ဒပြတဲ့ ပြည်သူတွေကို သတင်းယူနေတဲ့ သူ့ကို ရဲတပ်ဖွဲ့က မနက်ပိုင်းမှာ အဓမ္မ ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ တာဖြစ်ပါတယ်/

လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီက မြန်မာသတင်း.. မီဒီယာသမား ၄၀ ကျော်ကို ဖမ်းဆီးထားပြီး အများစုကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားကာ ပြည်မြို့အခြေစိုက် ဒီဗွီဘီ သတင်းထောက် ကိုမင်းညို..၊ ကိုတော့ ပုဒ်မ ၅၀၅ (က) နဲ့ မေလ ၁၂ ရက်နေ့က ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။

လေးစားစွာဖြင့် DVB

Unicode Version

error: Content is protected !!