Knowledge

ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာဆိုသူများ ဆရာတော် အရှင်ဆန္ဒာဓိက မိန့်ကြားထားတာလေး..

ကိုယ်လုပ်မှ ကိုယ်စားရမယ် မဲသွားပေးစရာ မလိုပါဘူး ဆိုတဲ့ သူတွေလည်း ရှိတယ် သာ မန်အားဖြင့်..၊ ကြည့်လိုက်ရင်တော့ ဟုတ်သလို ထင်ရတာပေါ့နော်။ဒါပေမဲ့ ကိုယ်လုပ်မှ ကိုယ်စားရ မယ်ဆိုတဲ့

စကားကို ခွဲခြမ်းကြည့် ရင် လုပ်တာရယ်၊ စားတာရယ် နှစ်မျိုးရှိတယ်။ အဲဒီတော့ ကိုယ်လုပ် သလောက် အကျိုးခံစားခွင့်ရဖို့ အလုပ်လုပ်တဲ့ နေရာမှာ အဆင် ပြေပြလေုပ်ဆောင်နိုင်ဖို့က အရေးကြီးသေးတယ်

ဒါတွေ အဆင်ပြေဖို့က စနစ်ကောင်းဖို့၊ အစိုးရ ကောင်းဖို့ လိုတယ်။ လယ်သမား က ကိုယ်လုပ်မှ.. ကိုယ်စားရမယ် ဆိုပေမယ့် ကိုယ်စိုက်မယ့် လယ် အစိုးရက သိမ်းသွားရင် လုပ်လို့ မရတော့ဘူးလေ။

အစိုးရသိမ်း ထားတဲ့ လယ်ကို သွားထွန်ရင် လည်း တရားစွဲခံ ရဦးမယ်.. အလုပ်သမားတွေ ဆိုရင်လည်း ကိုယ့်အိမ်နဲ့ အလုပ်ကို အဝေးကြီးသွား ရပြီး လမ်းမှာ ကားတွေ ပိတ်လို့

အချိန်ကုန်ရတယ်။ လုပ်ငန်းခွင် ဆိုင်ရာအခြေခံ အဆောက်အအုံ တွေ မကောင်းဘူး ဆိုရင်လည်း အလုပ်လုပ်ရတာ ပင်ပန်းဆင်းရဲ တာပေါ့။ ကိုယ်လုပ်မှ ကိုယ်စားရ မယ်ဆိုတာ မှန်တယ်။

ဒါပေမဲ့ စနစ်မကောင်းတဲ့အတွက် ကိုယ် လုပ်သလောက် အကျိုးခံစားခွင့် မရဘူး မလိုအပ်ဘဲ..၊ အချိန်ဆုံးရှုံး မှု၊ စိတ်အား၊ လူအားဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာရတယ်.. ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့အစိုးရမကောင်းဘူး၊ စနစ် မကောင်းဘူးဆိုရင်

ကိုယ်လုပ်တဲ့ လုပ်အားခထိုက်ထိုက်တန်တန်ရ မှာ မဟုတ်ဘူးအလုပ်ချင်းအတူ တူကို လုပ်အားခပိုရလို့

မိသားစု နဲ့ခွဲ၊ ကိုယ့်ရေမြေကို စွန့်ခွာပြီး ပြည်ပမှာ သွားအလုပ်လုပ်နေရ တာတွေ အများကြီးပါ။

အဲဒါ ကြောင့် အစိုးရကောင်းဖို့၊ စနစ် ကောင်းဖို့ အရေးကြီးပါတယ်.. ကျောင်းသားလည်း ကိုယ်စာ ကျက်မှ ကိုယ်ရမှာပေါ့လေ။ ဒါပေမဲ့ ကိုယ်သင်ကြားတဲ့ ပညာရေး၊

ကိုယ်ကျက်တဲ့ စာအဆင့် အတန်းမြင့်ဖို့ လိုတာပေါ့လေ။ ကျန်းမာရေးကလည်း ဒီလိုပဲ။နောက်ပြီး

ကိုယ်လုပ်ပြီး ကိုယ်စားရတဲ့ အခါမှာလည်း ကိုယ်စားရတဲ့ အ စားအစာတွေ အရည်အသွေး ကောင်းဖို့၊

ဘေးအန္တရာယ်ကင်း ဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ အ ရေးကြီးတာပေါ့လေ../ ဒါကြောင့် စနစ်ကောင်းကို ကျင့်သုံးမယ့် အစိုးရတစ်ရပ်ကို ရွေးချယ်တင် မြှောက်နိုင်ဖို့ နိုင်ငံသားတစ်ဦး၊

တစ်ယောက်ချင်းစီက ဘယ်အဖွဲ့ အစည်းကတော့ စနစ်ကောင်း အောင်၊ အစိုးရကောင်းအောင်လုပ်နိုင်မလဲဆိုတာ/

လေ့လာပြီး ကောင်းအောင်လုပ်နိုင်မယ့် အဖွဲ့ အစည်းကို မဲပေးရမှာပေါ့။ အဲဒီ တော့ ကိုယ့်ကိုယ်တိုင်လည်းမဲ သွားပေးကြပါ.. ကိုယ့်ဝန်းကျင်က လူတွေ မဲသွားပေးဖြစ်အောင် လည်း ကူညီတိုက်တွန်းပေးကြပါ လို့ ပြောချင်ပါတယ်..

Credit to original writing

Unicode Version

error: Content is protected !!