Articles

နည်းပညာတက္ကသိုလ် (သန်လျင်) အီလက်ထရောနစ်အင်ဂျင်နီယာဌာန ၏ ကျောင်းသား/သူများမှ Non CDM သမားများသို့ ပေးစာ..

ပထမဦးဆုံး ပြောချင် တာကတော့ အီလက် ထရောနစ် ကျောင်းသား  သူများအနေနဲ့ non CDM သမားတို့ကို ဆရာ ဆရာမဟူ၍ ဘယ်သောအခါမှ သတ်မှတ်တော့မည်မဟုတ်ပါ..

လူတိုင်းမှာ အခက်အခဲရှိကြတာကို နားလည်သလို လူတိုင်းမှာလည်းမိသားစုရှိ ကြပါတယ်.. CDM မို့ ယာယီရပ်ဆိုင်းခံရတဲ့ ဆရာ  ဆရာမ (၉၃၀၀) ကျော်လည်း မိသားစုကိုယ်စီရှိကြပါတယ်..

အဲ့တော့ သားသမီးရှိလို့ပါ ဆိုပီးဖြေရှင်းချက်မပေးပါနဲ့ နားမလည်ပေးနိုင်လို့ပါ သားသမီးချင်းသာ ကိုယ်ချင်းစာတတ်ရင် ဒီလိုဆုံးဖြတ်ချက်မျိုးလုပ်နိုင်မှာမဟုတ်ပါဘူး.

နေရာထိုင်ခင်း အဆင်မပြေရင်တောင် ကျောင်းသား / သူတွေက ဝိုင်းဝန်းထောက်ပံ့ပြီး ကူညီကြမယ်လို့ ပြောခဲ့တာပါ ။

ဒီလောက် ရာနဲ့ချီ လူတွေသေဆုံးရတယ် ကျောင်းသားတွေ ရက်ရက်စက်စက် အပြစ်မဲ့ အသက်ခံခဲ့ရတာတောင် ဘာမှမဖြစ်ခဲ့သလို ဒီအကြမ်းဖက်သမားတွေရဲ့ လက်အောက်မှာ ခိုင်းတဲ့အတိုင်း ကြိုးဆွဲရာလိုက်ကနေကြတော့မှာလား မေးချင်ပါတယ်

ဒီလောက် ပညာတွေအများကြီးတတ်သလို ဘွဲ့တွေအများကြီး ရထားတဲ့သူတွေက ဒါလေးတောင် မစဉ်းစားနိုင်ကြတော့တာလား?

လက်ရှိမှာ မတရားသဖြင့် အဖမ်းခံထားရတဲ့ ကျောင်းသားတွေထဲမှာ ကိုယ့်ဌာနရဲ့ ကိုယ့်ကလေးတွေပါတယ်ဆိုတာရော သိထားရဲ့လား?

သိမှာလည်းမဟုတ်ပါဘူး non cdm ဆရာမတို့က ကိုယ်လုပ်တဲ့အရာကြောင့် လူရှေ့တောင် မထွက်ရဲပဲ FB acc တောင် ကိုယ်စီ de ထားကြတာကိုး

အခု တီချယ်တို့တော့ စာရင်းဇယားတွေ စာရွက်တွေနဲ့ ကျောင်းတွေ ပြန်ဖွင့်ဖို့ ကြိုးစားနေတဲ့အချိန်/ သေဆုံးသွားတဲ့ ကလေးတွေကတော့ ဘယ်တော့မှ ကျောင်းမတက်နိုင်ကြတော့ဘူး ။

တီချယ်တို့ လစာထုတ်တဲ့အခါ လူတွေရဲ့ မျက်ရည်တွေ သွေးတွေနဲ့ ရင်းနှီးထားရတဲ့ ပိုက်ဆံတွေကိုပဲ ရမှာပါ..

ဆရာ / ဆရာမတို့ရဲ့မိသားစုတွေ ထမင်းဝိုင်းမှာ လစာတွေထုတ်ပီး ပျော်ပျော်ရွှင်ရွှင်ထမင်းစားနေတဲ့အချိန် တချို့အိမ်တွေရဲ့ ထမင်းဝိုင်းမှာတော့ လူမပြည့်ကြတော့ပါဘူး ။

တီချယ်တို့ရဲ့ နှစ်ရှည်လများကြိုးစားခဲ့ရတဲ့ ရာထူးတွေ ကြောင့်လောဘ တွေတက်ပီး မစွန့်လွှတ်နိုင် ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော် / မ တို့တွေကတော့ ဒီအကြမ်းဖက်လက်အောက်မှာ ဘယ်လိုနည်းနဲ့မှ..

ကျောင်းဆက် မတက်နိုင်ဘူးလို့ တော်လှန် နေကြပြီး ကိုယ့်ရဲ့ကြိုးစားခွင့် တွေကိုတောင် အဆုံးရှုံးခံ ထားတာပါ/

ဆရာ / ဆရာမတို့ကတော့ ဒီအခွင့်အရေးကို အခွင့်ကောင်းယူပြီး ရာထူးတိုးတွေ တင်ကြပါဦး ။

နေပြည်တော်ရော သွားပြီးကြပြီလား

တီချယ်တို့ ရာထူး.. တိုးတွေ အပြိုင်အဆိုင်တင်နေကြတဲ့ အချိန်မှာ နာရေးဖိတ်စာတောင် လုပ်ခွင့်မရ မီးသဂြိုလ်ခွင့် စာတောင် မရပဲ အသက်ပေးခဲ့ရတဲ့ လူတွေအများ ကြီးပဲပါပဲ..

ဒီအကြမ်းဖက်အုပ်စုရဲ့ လက်အောက်မှာ ကိုယ်ချင်းစာ စိတ်မရှိပဲ ကိုယ့်သား / သမီးကိုပဲစိတ်သန့်သန့်နဲ့ ကျောင်းထား နိုင်ကြပါစေ..

နောင်တစ်ချိန် နွေဦးတော်လှန်ရေးအကြောင်း ကိုယ့်ကလေးတွေ ကိုယ့်​​မြေးတွေက Essay ရေးဖို့ ဖိုးဖိုး / ဖွားဖွားတို့က ဘယ်နေရာမှာ ပါဝင်ခဲ့လည်း မေးတဲ့အခါ non cdm လုပ်ခဲ့ပြီး လောက်ကောင်တွေလုပ်ခဲ့တယ်လို့ ရဲရဲဝင့်ဝင့် ဖြေနိုင်ကြပါစေ ။

ကိုယ့်သမိုင်းကိုယ်တည်ဆောက်ကြပါ

TTU

error: Content is protected !!