Health

အကြောဆိုင်း လေဖြန်း ရောဂါများ အတွက် ဆေးကောင်း တစ်လက်..

လူသားတွေဟာ အသက်အရွယ်လေး အတန်သင့် ရလာတာနဲ့ အမျှသွေးသားတွေ ဟာလည်းတဖြေးဖြေး ဆုတ်ယုတ်လာပြီး အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်တဲ့..

ဒဏ်ကိုမိမိတို့ ခန္ဓာကိုယ် ကြီးကခံနိုင်ရည်စွမ်းကျဆင်း လာတတ်ပါတယ်.. အလုပ် တွေပင်ပင်ပန်းပန်း လုပ်ရတဲ့,လုပ်ခဲ့တဲ့ ဒဏ်တွေကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့..၊

အကြောတွေက မကြာခဏညောင်းညာ ကိုက်ခဲနေတာမျိုး,အကြောတွေ ဆိုင်းချင် သလိုလို ဖြစ်သွားတာ,အကြောတွေလုံးဝ ဆိုင်သွားတာမျိုး လေဖြန်းချင်သလိုလို ဖြစ်သွားတာ လုံးဝလေ ဖြန်းသွားတာမျိုးတွေ ဖြစ်လာတတ်ပါတယ်..

အဲဒီလို ရောဂါ တွေခံစားနေရပြီဆိုရင်အခုဖော်ပြမဲ့ဆေးနည်းလေးကသက်သာပျောက်ကင်းစေမှာပါ။ဦးဇင်းကိုယ်လဲဦးဇင်းနဲ့ပက်သတ်ဆက်နွယ်နေတဲ့ဒကာကြီးတွေ,ဒကာမကြီးတွေကိုဆေးနည်းပြောပြပြီးသုံးစွဲဖို့တိုက်တွန်းသလိုကြုံတဲ့အခါမှာလည်းကိုယ်တိုင်ကိုယ်ကျဖော်စပ်ပေးခဲ့ပါတယ်။

အမွဲလိုလိုညောငျးညာကိုကျခဲနသေူမြားဟာတဈပတျလောကျပုံမှနျစားလိုကျတဲ့အခါညောငျးညာကိုကျခဲမှုတှပြေောကျကငျးပွီးနောကျထပျပေါျမလာတော့ေ ကြာင်းဝမ်းသာအားရလာပြီးပြောကြပါတယ်။

အကြောဆိုင်းနေသူများနဲ့လေဖြန်းနေသူများကကလည်းတစ်လ,နှစ်လစသည်အားဖြင့်ဖော်စားလိုက်,ခဏနားလိုက်နဲ့သုံးစွဲလိုက်လို့သက်သာပျောက်ကင်းကြောင်းဝမ်းသာအားရပြန်ပြောကြပါတယ်။

ဆေးနည်းလေးကတော

၁။ဖီးကြမ်းငှက်ပျောသီးမှည့်မှည့်ရယ်(မမှည့်ရင်ချောင်းဆိုးတတ်ပါသည်)

၂။သက်ရင်းကြီးရွက်ရယ်(၎င်းအပင်မှာဒေသတိုင်းတွင်ပေါက်လေ့ရှိပါသည်)
ဒီနှစ်မျိုးပဲလိုအပ်မှာပါ။

ဖော်စပ်ပုံကတော့

၁။ဖီးကြမ်းငှက်ပျောသီးကိုဟိုဘက်ထိပ်ဒီဘက်ထိပ်အတွင်းသားလေးတွေပေါ်ရုံလောက်လှီးဖြတ်ထားပါ။

၂။သက်ရင်းကြီးရွက်ကိုရေစင်အောင်ဆေးပြီးနှစ်ရွက်သုံးရွက်ထပ်ကာငှက်ပျောသီးကိုလုံအောင်ဖုံး၍လျော်နှင့်စည်းပြီးထုတ်ပါ။

၃။ပြီးလျှင်အိုးထဲထည့်ပြီးမီးဖိုပေါ်မှာ၆-နာရီကြာပြုတ်ရပါမည်။(၆-နာရီဆိုငြားလည်းဦးဇင်းကတောနှစ်ရေပွက်ပြီးဖိုပေါ်မှာမီးအေးအေးနဲ့ပစ်ထားလိုက်ပါသည်)

စားပုံစားနည်းကတော့

ပြုပ်ပြီးသားအထုပ်လေးကိုအပေါ်ကဖက်တွေပြန်ခွာ,ငှက်ပျောသီးကိုလည်းအခွံခွာပြီးအတွင်းသားကိုသာ–
မနက္တစ္လံုး
ညတစ္လံုး
တစ်နေ့နှစ်ကြိမ်စားရမှာဖြစ်ပါတယ်။

ငယ်ရွယ်တဲ့သူတွေအတွက်လည်းခရီးပင်ပန်းလို့
အလုပ်တွေပင်ပင်ပန်းပန်းလုပ်ရလို့တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေရင် ၎င်းငှက်ပျောသီးလေးတစ်လုံးမျှစားလိုက်တာနဲ့ညောင်းညာကိုက်ခဲမှုများလျင်မြန်စွာသက်သာပါကြောင်းကိုယ်တွေ့မို့သတင်းကောင်းပါးလိုက်ပါရစေ။

ဖော်စပ်ပုံအဆင်ဆင့်ဓာတ်ပုံလေးတွေကိုလည်းတင်ပေးလိုက်ပါတယ်။ အထက်ပါဆေးနည်းကိုမိမိအားတစ်ဆင့်မျှဝေ, ပေးခဲ့ပါသောသူငယ်ချင်းဖြစ်သူ အရှင်ဝိစိတ္တ(ကျွန်ုပ်တို့အခေါ်”ဦးဝဲကျော်”)စစ်ကိုင်းတောင်ရိုး ပံ့သကူချောင်အားအထူးကျေးဇူးတင်ပါကြောင်း။

ခရစ်ဒစ် မူရင်းရေးသားသူ

error: Content is protected !!